ဟိုပင် ၁ အောက်တိုဘာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အ.ထ.က(၁) တေဇခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ဟိုပင်မြို့ ပညာရေးဌာနနှင့် သုခဘုံစာပေပြန့်ပွားရေးအဖွဲ့တို့ ပူးပေါင်း၍ ကလေးစာပေပြပွဲ၊ စာအုပ်ဈေးရောင်းပွဲ၊ ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့မိမြို့ဖ ဦးညီလေးနှင့် ပညာရေးတာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီချစ်ခင် တို့က အမှာစကား ပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေနှင့် သုခဘုံစာပေပြန့်ပွားရေးအဖွဲ့မှ ဦးညီသုတ တို့က ကျေးဇူးတင်စကား ပြောကြား ခဲ့ကြသည်။ ဆက်လက်၍ စာရေးဆရာမ စောငယ်ငယ်(မိုးညှင်း)က ပြိုင်ပွဲ သုံးသပ်ချက်များ ပြောကြားကာ အ.ထ.က(၁)၊ အ.ထ.က မြသီတာ၊ အ.ထ.က စက်ကုန်း၊ ဒေါ်ခင်သန်းမူ ကိုယ်ပိုင်အထက်တန်းကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အ.မ.က ဂါတ်ကုန်း ကျောင်းများမှ အလယ်တန်း၊ အထက်တန်းဆင့် ကျပန်းစကားပြော ပြိုင်ပွဲ၊ မူလတန်းဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် ပန်းချီပြိုင်ပွဲနှင့် အထက်တန်းဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲတို့တွင် ထူးချွန်ဆု ရရှိသော ကျောင်းသားကျောင်းသူ ၃၇ ဦး ၃၇ ဆုကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ ကြကြောင်း သိရသည်။
၄င်းအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ ဆရာမများ ၊ လူမှုရေးအသင်းအဖွဲ့ဝင် များ၊ မိဘပြည်သူများ၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၃၅၀ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ပြသထားသော စာရှိန်မြှင့်တင်ဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်စို့ ဆုရပန်းချီ များကို ကျောင်းသားကျောင်းသူ လေ့လာ ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။
တိုးတိုးမေ-ဟိုပင်


