မိတ္ထီလာ ၁  အောက်တိုဘာ

 

မိတ္ထီလာ၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကို အောက်တိုဘာ ၁  နံနက် ၉ နာရီက ဝန်ဇင်းရပ်ကွက် မိတ္ထီလာဘိုးဘွားရိပ်သာဓမ္မာရုံတွင် ကျင်းပကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် ခရိုင်လူဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဌေးက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

 

ဆက်လက်၍  မိတ္ထီလာဘိုးဘွားရိပ်သာအတွက် အလှူရှင်များစုပေါင်းလှူဒါန်းသည့် လှူဒါန်း ငွေကျပ် ၂ဝ၅၇ဝဝဝ ကို ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲဲ့ဥက္ကဋ္ဌ ဦးသင်းအောင် ထံသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးသက်လွင်ကပေးအပ်လှူဒါန်းသည်။

 

လှူဒါန်းငွေများလှူဒါန်းသည့် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်လွင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်နှင့် ဥက္ကဋ္ဌ ဦးသင်းအောင်တို့က ဂုဏ်ပြုပေးအပ်သည်။

 

ထို့နောက် ဘိုးဘွားရိပ်သာရှိ အဘိုး ၉ ဦး ၊ အဘွား ၂၉ ဦးတို့အား     အမှတ်တရပစ္စည်းများကို တက်လာရောက်ကြသူများက ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချမ်းသာ  ( မိတ္ထီလာ)