ဒေးဒရဲ ၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဉပဒေဆိုင်ရာအထောက်အကူပြုရေး ကိစ္စရပ်များအား ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒေးဒရဲမြို့နယ် ဉပဒေဆိုင်ရာအထောက်အကူပြုရေးအဖွဲ့ ဥက္ကဌ ဦးကျော်ထင်အောင်က အဖွဲ့အနေဖြင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဉပဒေရေးရာနှင့် ပတ်သက်သော မှုခင်းကိစ္စများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဉပဒေဘောင် အတွင်းမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင် ဒေါ်နုနုဝင်းက ဉပဒေဆိုင်ရာ အထောက်အကူပေးခြင်း ရည်ရွယ်ချက်မျာနှင့် ဉပဒေဆိုင်ရာ အထောက်အကူပေးရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ ဉပဒေဆိုင်ရာ အထောက်အကူ ပြုရေးအဖွဲ့ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


