စစ်ကိုင်း ၁  အောက်တိုဘာ

 

သမဝါယမတက္ကသိုလ်(စစ်ကိုင်း)နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း (မန္တလေးတိုင်းဒေသကြီး) တို့ပူးပေါင်း၍ အလုပ်အကိုင်ပြပွဲ(Job Fair 2019) အခမ်းအနားကို အောက်တိုဘာ (၁)ရက်၊ နံနက် (၉)နာခွဲအချိန်က သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားကို သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ကျောက်မျက်လုပ် ငန်းရှင်များအသင်း(စစ်ကိုင်း)ဥက္ကဌ ဦးအောင်ကြီး၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း(မန္တလေးတိုင်း ဒေသကြီး)ဥက္ကဌ ဦးညွန့်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

၈

 

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ကျောင်းသား/ ကျောင်းသူများ အနေဖြင့် မကြာခင်သက်ဆိုင်ရာ မေဂျာအလိုက် ဘွဲ့အသီးသီးရရှိကြတော့မှာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်များက ယခုလို စေတနာထက်သန်စွာဖြင့် တက္ကသိုလ်နဲ့ ပူးပေါင်းပြီး အလုပ်အကိုင်ပြပွဲ လာရောက် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေနှင့်လည်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းကောင်းများ ရရှိသွားမှာဖြစ်သလို လုပ်ငန်းရှင်များကလည်း အချိန်ကုန်၊ ငွေကုန်ခံပြီး အလုပ်အကိုင်အခွင့်အလမ်းများပေးရန် လာရောက်ကမ်းလှမ်းသည်ကို ကျောင်းသား/ ကျောင်းသူများအနေဖြင့် တန်ဖိုးထားပြီး လုပ်ငန်းခွင်မှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြပါ ပူးပေါင်းဆောင်ရွက်ပါ၊ ရိုးသားကြပါ၊ စေတနာထားပြီး အလုပ်လုပ်ကြ စေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဆရာဦးသူရိန်ငြိမ်းမှ Know Your Next Move and Get There ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဦးရဲမြတ်သူမှ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာ အောင်ကျော်သူဝင်းမှ Prepare For Marathon ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးပေးခဲ့ကြရာ ဆွေးနွေးပေးသူများ၊ ထီးမိုးများအသုံးပြု၍ လမ်းလျောက် လမ်းဆောင်ရွက်ပေးသည့် ကျောက်မျက်လုပ်ငန်းရှင် များအသင်း(စစ်ကိုင်း)ဥက္ကဌ  နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) ဥက္ကဌတို့အား ပါမောက္ခချုပ်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

 

အလုပ်အကိုင်ပြပွဲကို ဘွဲ့ရကျောင်းသား/ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ ရရှိရန်၊ မိမိတို့ရရှိမည့်ဘွဲ့နှင့် အလုပ်အကိုင်များချိတ်ဆက်နိုင်ရန်၊ လုပ်ငန်းခွင်မတိုင်မီ သိသင့်သိထိုက်သော အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ Job Fair တွင် Main Sponsor အဖြစ် လုပ်ငန်း(၈)ခု၊ Co-sponsor အဖြစ်လုပ်ငန်း(၁၈)ခု၊ စုစုပေါင်း လုပ်ငန်း(၂၆)ခုတို့မှ ဆိုင်ခန်းပေါင်း(၃၅)ခန်း ခင်းကျင်းပြသထားပြီး ကျောင်းသား/ကျောင်းသူများမှ မိမိတို့ စိတ်ပါဝင်စားသော လုပ်ငန်းများသို့ အလုပ်လျှောက်လွှာများ ရေးသားလျှောက်ထားခြင်း၊ လူတွေ့စစ်ဆေး ဖြေဆိုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

စစ်ကိုင်းခရိုင်ပြန်/ဆက်