ကျွန်းစု ၁ အောက်တိုဘာ

 

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့နှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ကျွန်းစုမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် ဘိုးဘွား(၁၄)ဦးတို့အား တစ်ဦးလျှင် အလှူငွေကျပ်(၂)သောင်းနှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ဘိုးဘွားများကို အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးခဲ့ကြပြီးနောက် အခမ်းအနား မတက်ရောက်နိုင်သော ဘိုးဘွား(၆)ဦးအား ထောက်ပံ့ငွေများနှင့် လှူဖွယ်ပစ္စည်းများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)