နေပြည်တော် ၁ အောက်တိုဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Jaroslav Dolecek နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ -၁ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာစေရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ အနာဂတ်တွင်လည်း နှစ်နိုင်ငံအစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း၊ စီးပွားရေးလုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေးနှင့် စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် လာရောက်ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


