နေပြည်တော် ၁ အောက်တိုဘာ

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် အမေရိကန်သံအမတ်ကြီး Mr. Scot Marciel ၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဉက္ကဋ္ဌ Mr. Alexander C. Feldman နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ Financial Inclusion Roadmap တွင် အမေရိကန်နိုင်ငံမှ စီးပွားရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသော အမေရိကန်ကုမ္ပဏီများ ပူးပေါင်းပါဝင်နိုင်ရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှု ပိုမိုမြှင့်တင်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်ရေးနှင့် နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

 

သတင်းစဉ်