ရေးသားသူ Dr. Phio Thia

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

သွားတိုက်ဆေးအခွံမှာ ပါတဲ့ အရောင်တွေနဲ့ မှတ်သားထားတဲ့ လေးထောင့်ပုံသင်္ကတေလေးက အထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို ဖော်ပြနေတာမဟုတ်ပါဘူး။ သွားတိုက်ဆေးဝယ်ရင်း အခွံအောက်ခြေက အရောင်ပါတဲ့ သင်္ကတေလေးကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်။ ဒါက ဘာကိုရည်ညွှန်းလဲဆိုတာ သင်သိရင်တော့ အံသြသွားပါလိမ့်မယ်။

 

ဒီအရောင်ပါတဲ့ သင်္ကတေအမှတ်အသားလေးက အထဲမှာ ပါဝင်တဲ့အရာတွေကို ရည်ညွှန်းတယ်ဆိုပြီး လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီဟာလေးက အထဲမှာပါတဲ့အရာတွေ ဥပမာ – ဓာတုပစ္စည်း၊ သဘာဝပစ္စည်း၊ ဆေးဘက်ဆိုင်ရာ စသည်ဖြင့်ဖော်ပြနေတယ်လို့ ထင်နေကြတာပါ။ ဒီအချက်အလက်တွေက တကယ်တမ်းတော့ သိပ်ရှင်းလင်းမှုမရှိဘဲ အသုံးမဝင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝပစ္စည်းများသာ ပါသည်လို့ ပြထားပေမယ့် ဓာတုပစ္စည်းတွေလည်း ပါနေနိုင်ပါတယ်။ နောက်ပြီး ဆေးဘက်ဆိုင်ရာတွေ ပါဝင်တယ်ဆိုတာလည်း သိပ်ပြီး တိကျမှုမရှိပါဘူး။

 

ဟုတ်ပါတယ် ဒီအရောင်အမှတ်အသားလေးက အထဲမှာပါတဲ့အရာတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဒါလေးက ထုတ်လုပ်မှုဖြစ်စဉ်အတွက် လိုအပ်တဲ့ လေဆာနဲ့ဓါတ်မှန်ရိုက်ရာမှာ အသုံးချတဲ့ အမှတ်အသားတစ်ခု (eye mark, color mark) သာ ဖြစ်ပါတယ်။ ဒီလိုလေဆာနဲ့ဓါတ်မှန်ရိုက်ပြီး ထုတ်ပိုးမှုမှာ ဘယ်နေရာကိုဖြတ်မယ်၊ ဘယ်နေရာကိုလိပ်မယ် ဆိုပြီး ဆုံးဖြတ်တဲ့ အမှတ်အသား ဖြစ်ပါတယ်။

 

အိုင်းမတ်ခ် (eye mark)

 

အိုင်းမတ်ခ်ဆိုတာ အင်တာနက်ကုန်ပစ္စည်းတွေမှာ အများစုတွေ့နိုင်တဲ့ စတုဂံပုံစံရိုက်နှိပ်ထားတဲ့ အမှတ်အသားကို စစ်ဆေးနိုင်မယ့် လျှပ်စစ်အာရုံခံအရာဖြစ်ပါတယ်။ ဒီအမှတ်အသားလေးက ထုတ်ကုန်တစ်ခုချင်းစီအတွက် ဘယ်နေရာကို ဖြတ်ရမယ်ဆိုတာ သတ်မှတ်ပေးပါတယ်။

 

အရောင်ပါတဲ့သင်္ကတေ အမှတ်အသားလေးကတော့ အိုင်းမတ်ခ်လို (နောက်ဆုံးထုတ်ပိုးမှုအဆင့်ထိပါဖို့) မဟုတ်ပါဘူး။ အရောင်အမျိုးမျိုး ပါဝင်နေတာက အမျိုးမျိုးသော ထုတ်ပိုးမှုစနစ်နဲ့ အာရုံခံစက်များအတွက်ပဲ ဖြစ်ပါတယ်။

 

သွားတိုက်ဆေးတစ်ခုထဲ ဘာတွေပါလဲသိဖို့ကတော့ ဘူးပေါ်မှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်ရှုခြင်းပါပဲ။

 

အရောင်တွေကတော့ အင်တာနက်မှာ ပျံ့နှံ့နေပြီး ဒီအရောင်နဲ့ အမှတ်အသားကို ဘယ်လိုရှာရမယ်၊ ဘယ်လိုအဓိပ္ပါယ်ဖော်ရမယ်ဆိုတဲ့ သတင်းအချက်လက်တွေကို မှားယွင်းစွာမျှဝေနေပါတယ်။ ဒါတွေက အများအားဖြင့် မမှန်ကန်ပါဘူး။

 

မှားယွင်းတဲ့အချက်အလက်များ

 

အပြာရောင် – သဘာဝ + ဆေး

အစိမ်းရောင် – သဘာဝ

အနီရောင် – သဘာဝ + ဓာတုပစ္စည်း

အမဲရောင် – ဓာတုပစ္စည်း

 

အမှန်တော့ အရောင်အမှတ်အသားတွေနဲ့ ပါဝင်ပစ္စည်းတွေက ဆက်စပ်မှုမရှိပါဘူး။ ဒါက ထုတ်လုပ်မှုအပိုင်းမှာ သုံးတဲ့အမှတ်အသားတွေ ဖြစ်ပါတယ်။ ဘယ်နေရာကို ဘယ်လိုဖြတ်မယ်။ ဘယ်လိုလိပ်မယ်။ လေလုံအောင်ဘယ်လိုလိပ်မယ်။ စသည်ဖြင့် သိရှိနိုင်တဲ့ အမှတ်အသားသာဖြစ်ပါတယ်။

 

သွားတိုက်ဆေးထဲမှာပါတဲ့ အရာတွေကို သိထားဖို့အရေးကြီးပါတယ်။ ဒါကို သိဖို့အတွက် ဘူးခွံပေါ်မှာရေးထားတဲ့ ပါဝင်ပစ္စည်းများဆိုတဲ့နေရာကို ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”