နေပြည်တော် ၁ အောက်တိုဘာ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့ ပူးပေါင်း၍ ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)၌ ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း (Post Graduate Diploma in Applied Archaeology-P.G.D.A.A) ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

သင်တန်းကို နိုဝင်ဘာ ၇ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်နှစ်ဖြစ်သည်။ ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာ ပေးအပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူများ လျှောက်ထားနိုင်ကြောင်း၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်ခွင့်လျှောက်လွှာပုံစံများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ၂၈ လမ်း၊ ၇၀-၇၁ ကြား၊ မန္တလေးမြို့၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရန်ကုန်မြို့နှင့် ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်)၊ မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီးတို့၌ အောက်တိုဘာ ၁ ရက်မှစ၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး  လျှောက်လွှာများကို အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားကြရမည်ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) ဖုန်း-ဝ၉ ၄၃၀ဝ၆၇၈၆၊ ဝ၉ ၄၅၂၃၃၆၄၈၄၊ ဝ၉ ၄၂၃၇၀၉၁၉၈၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော် ဖုန်း-ဝ၆၇-၄၀၈၀၃၉၊ ၄၀၈၀၄၀၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဖုန်း- ဝ၁-၅၉၀၂၅၂၊ မန္တလေးဌာနခွဲ ဖုန်း- ဝ၂-၆၀ဝ၅၉၊ ရန်ကုန်ဌာနခွဲ ဖုန်း- ဝ၁-၅၁၂၁၃၆၊ ၅၁၂၁၃၇ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်