နေပြည်တော် ၁ အောက်တိုဘာ

           

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Alexander C.Feldman တို့အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁) ၌ လက်ခံတွေ့ဆုံသည်။

           

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုရရှိလာသည့် အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးသည်။

           

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အဖွဲ့ဝင်ကုမ္ပဏီများဖြစ်သည့်Abbott ၊ Amazon ၊ Bower Group Asia ၊ Chevron ၊ MasterCard၊ Visa ၊ Ford ၊ Google ၊ Coca-Cola ၊ Chubb နှင့် Diageo ကုမ္ပဏီများက ၎င်းတို့၏ လက်ရှိ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ရှင်းလင်းဆွေးနွေးသည်။

           

ပြည်ထောင်စုဝန်ကြီးက အပေါင်းလက္ခဏာဆောင်သော လက်ရှိ စီးပွားရေးဝန်းကျင် အခြေအနေကို အမေရိကန်နိုင်ငံရှိ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို တစ်ဆင့်စကား ပြောကြားပေးစေလိုကြောင်း၊  မိမိတို့အနေဖြင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN Free Trade Area-AFTA) ကို ထူထောင်ပြီး ဖြစ်သည့်အပြင် လာမည့် နိုဝင်ဘာလတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) ကို အပြီးသတ်တော့မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ၌သာမက ဒေသတွင်း၌ပါ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးသည်။ 

 

သတင်းစဉ်