လွိုင်လင်  ၁ အောက်တိုဘာ

 

ဝါးအခြေခံ လက်မှုသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲတွင် ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယက ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒမှ ဩဝါဒ မွတ်ကြားပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်တို့က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက်  ဆရာတော်နှင့် ဧည့်သည်များက သင်တန်းသား/ သင်တန်းသူများ၏ လက်တွေ့ဆောင်ရွက် ပြီးစီးသည့် ဝါးအခြေခံ လက်မှုပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

အဆိုပါသင်တန်းကို စက်တင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၇၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တောင်ချွန်းမြေမှ တွဲလက်များအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

မိုးလွင်ဦး(လွိုင်လင်)