လဲချား ၁ အောက်တိုဘာ
ချယ်ရီမေတ္တာ ဖောင်ဒေးရှင်းမှ (၂၉)ကြိမ်မြောက် စက္ခုဒါန အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးခြင်းကို ယနေ့ နံနက် ၇ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၊ ကျောင်းပန် ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချယ်ရီမေတ္တာ ဖောင်ဒေးရှင်းမှ (၂၉)ကြိမ်မြောက် စက္ခုဒါနအဖြစ် လဲချားမြို့တွင် အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိ မျက်စိအထူးကု ဆရာဝန်ကြီးများကိုယ်တိုင် စမ်းသပ်စစ်ဆေးပြီး လိုအပ်သော ဝေဒနာရှင်များအား မျက်စဉ်းနှင့် မျက်မှန်များ ဆောင်ရွက်ပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သော မျက်စိဝေဒနာရှင်များအား အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်များတွင် မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ မျက်စိစမ်းသပ် ကုသပေးရာတွင် တစ်ရက်ပျမ်းမျှ (၆၀ဝ) ဦးခန့်ရှိပြီး မျက်စိစမ်းသပ် ခွဲစိတ်မှုအား (၆)ရက်ကြာ ဆောင်ရွက်ပေးမည်ဖြစ်ကာ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ လဲချားမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများမှ မျက်စိဝေဒနာရှင်များ၊ အောက်တိုဘာ ၄ ရက်တွင် လွိုင်လင်၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရှုး၊ မိုင်းနောင် စသည့် မြို့နယ်များမှ မျက်စိဝေဒနာရှင်များ လာရောက် စမ်းသပ်ကုသကြမည်ဖြစ်ကြောင်း သိရသည်။
ကေသီ(ပြန်/ဆက်)


