ပေကျင်း ၁ အောက်တိုဘာ
တရုတ်နိုင်ငံ ပေကျင်းမြို့လယ်တွင် အင်္ဂါနေ့က ကျင်းပသည့် အမျိုးသားနေ့စစ်ရေးပြပွဲတွင် နိုင်ငံ၏ အဆင့်မြင့်ဆုံး၊ ဟန့်တားနိုင်မှု စွမ်းအားအမြင့်ဆုံး ဒေါင်ဖန်း-၄၁ တိုက်ချင်း ပစ် မဟာဗျူဟာမြောက် နျူကလီးယား ဒုံးကျည်များကိုထုတ်ဖော်ပြသခဲ့သည်။
ဒေါင်ဖန်း- ၄၁ တိုက်ချင်းပစ် မဟာဗျူဟာမြောက် နျူကလီးယားဒုံးကျည်များကို သယ်ဆောင်သည့် ပုံစံသစ် မဟာဗျူဟာမြောက် နျူကလီးယားဒုံးကျည်ပစ် ကိရိယာ ၁၆ ခုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့် နှစ်ပတ်လည်အခမ်းအနားအဖြစ် ကျင်းပသည့် အလွန်ကြီးမားသည့် စစ်ရေးပြပွဲကြီးကျင်းပရာ တိန့်အန်မင် ရင်ပြင်ကို ဖြတ်သန်းသွားခဲ့သည်။
တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်စွမ်းရည်၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ဒေါင်ဖန်း-၄၁ ဒုံးကျည်များသည် မဟာဗျူဟာမြောက် အင်အားချိန်ညှိမှု၊ ဟန့်တားထိန်းချုပ်မှု၊ ပြတ်သားသည့် အောင်ပွဲရယူမှုအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဟု သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ဇော်လင်း