လင်းခေး  ၂    အောက်တိုဘာ

လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှူးရုံးမှ ကြီးမှူး၍ မြေငှားဂရမ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးနိုးဝေက မြေငှါးဂရမ် ထုတ်ပေးပွဲကျင်းပပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းဘသိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်း အောင်မျိုးကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးနိုးဝေနှင့် လင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးအောင်သန်းဇော်တို့က လင်းခေးမြို့၊ တောင်ရွာရပ်နေ၊ လူနေထိုင်ရန်မြေငှားဂရမ် လျှောက်ထားသူများမှ ဒေသခံပြည်သူ(၄၂)ဉီးတို့အား မြေငှားဂရမ်များ အသီးသီးပေး အပ်ခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(ခရိုင်ပြန်/ဆက်)

2019100208520191002