မင်းဘူး ၂ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့၌ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပြည်သူ့ဝန်ဆောင်မူရုံး(OSS)တွင် လုပ်ငန်းများ အချိန်မီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ မြို့နယ်ပြည်တွင်း အခွန်ဉီးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားရေး ဉီးစီးဌာနမှ တာဝန်ရှိသူများက ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းကိစ္စများ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ အိမ်သုံးရေမီတာ လျှောက်ထားခြင်းများ စသည့် ပြည်သူများ၏ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ တာဝန်ရှိသူများက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


