ဇမ္ဗူသီရိ ၂ အောက်တိုဘာ

 

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၎င်းလုပ်ငန်းကြီး(၇)ရပ်တွင်အဓိကကျသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်   ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

ရှေးဦးစွာ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားကာ သင်တန်းသားသင်တန်းသူများအား ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းဆင်းလက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသူမသဇင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

 

အဆိုပါ သင်တန်းကို စက်တင်ဘာ၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၇၀ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

 

မြို့နယ်ပြန်/ဆက်