တွံတေး ၂ အောက်တိုဘာ
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊၂၀၁၈-၂၀၁၉ ခုနှစ်မိုးစပါးရာသီတွင် သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော ဧကများအား ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ တော်ဝင်စန္ဒကူး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးဦးညီညီထွေးတို့ က အဖွင့်အမှာစကားများပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးဦးခင် မောင်ဦးက ထောက်ပံ့ကြေးငွေ ပေးအပ်ရခြင်း အကြောင်းရှင်း လင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ကြေးငွေပေးအပ်ရာ တွံတေးမြို့နယ်တွင် ၂၀၁၈ ခုနှစ်မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သော ကသပေါင်းကျေးရွာအုပ်စုတွင်တောင်သူ(၈)ဦး၊ဧက (၄၈) ဧကအတွက် (၁) ဧကတစ်သောင်းနှုန်းဖြင့် ငွေကျပ် (၄၈၀ဝ၀ဝ)ကျပ် ကိုလည်းကောင်း၊ ဘုရားကြီး ကျေးရွာအုပ်စုတွင် တောင်သူ(၅၈)ဦး၊ ဧက(၂၅၅)ဧကအတွက် ငွေကျပ် (၂၅၅၀ဝ၀ဝ)၊ စုစုပေါင်းငွေကျပ် (၃၀၃၀ဝ၀ဝ)ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး တောင်သူများ ကိုယ်စား ဘုရားကြီး ကျေးရွာမှဦးကြည်လွင်လေးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လယ်/စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူ (၆၆) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင် ( တွံတေး )


