ပခုက္ကူ   ၂   အောက်တိုဘာ   

 

ပခုက္ကူမြို့နယ် OSSရုံးမှ ရွှေ့လျားဝန်ဆောင်မှုလုပ်ငန်းအဖြစ် ကမ္မမြို့အုပ်ချုပ်ရေးမှူးရုံးတွင်ရွှေ့လျား ဝန်ဆောင်မှု လုပ်ငန်းကို အောက်တိုဘာ၂ရက်နေ့နံနက်၉နာရီကစတင်၍လုပ်ငန်းများဆောင်ရွက်ပေးကြောင်း သိရသည်။

 

ရှေးဦးစွာ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က OSS ရုံးလုပ်ငန်းများကို သီးခြားရုံးခန်း ဖွင့်ဆောင်ရွက်ပေးနေကြောင်း ယခု အများပြည်သူ ရွှေ့လျား ဝန်ဆောင်မှုအဖြစ်ကမ္မမြို့အုပ်ချုပ်ရေးမှူးရုံးတွင်လာရောက်၍ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ဆက်လက်၍အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ  မြို့နယ်ဦးစီးမှူး     ဦးမျိုးထွန်းOSSရွှေ့လျားဝန် ဆောင်မှုအဖြစ် အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ် အသစ်ထုတ်ပေးခြင်း၊ မွေဖွားသူဦးရေးတိုးခြင်း၊ သေရှုံးသူဦးရေ လျှော့ချခြင်း၊   မြို့တွင်း ၊ရပ်ကွက်တွင်း အိမ်ထောင်စုဝင်ခြင်း၊ထွက်ခြင်း လုပ်ငန်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

OSS ရွှေ့လျားဝန်ဆောင်မှု လုပ်ငန်းကို ယနေ့ ကမ္မမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်လျှက်ရှိပြီး ကမ္မမြို့ပေါ် (၁၂)ရပ်ကွက်မှ ပြည်သူများအား ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

ကိုတမာ