ချောက်  ၂   အောက်တိုဘာ

မကွေးတိုင်ဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နွေရာသီ သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရန် ရေရှိရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး တည်ပင်ကန်ကျေးရွာနှင့် ထိန်စမ်းကျေးရွာ၊ ဝရကုန်းကျေးရွာများအား ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသသန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများကို နှစ်စဉ်ဦးစားပေး အစီအစဉ်ဖြင့် ဘဏ္ဍာငွေတင်ပြတောင်းခံကာ တစ်နိုင်လုံးအတိုင်းအတာ အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊‌ ချောက်မြို့နယ်သည် အပူပိုင်းစုံ မိုးနည်းရပ်ဝန်းဒေသဖြစ်ပြီး အပူချိန် မြင့်မားကာ မိုးရွာသွန်းမှု အလွန် နည်းပါကြောင်း၊ တည်ပင်ကန်ကျေးရွာသည် ကျေးရွာနှင့်တစ်မိုင်ခန့်ကွာဝေးတဲ့ မြေသားရေကန်ကိုသာ မှီခိုသုံးစွဲနေရပြီး နွေရာသီရောက်တိုင်း ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ ထိန်စမ်းကျေးရွာသည် အိမ်ခြေ(၂၀၀)ကျော်ရှိပြီး ၁၉၆၈ ခုနှစ်က တူးဖော်ဆောင်ရွက်ခဲ့တဲ့ စက်ရေတွင်းကိုသာ မှီခိုသုံးစွဲနေရပြီး စက်ရေတွင်းမှာ သက်တမ်းကြာမြင့်ကာ မကြာခဏ ပျက်စီးခြင်းကြောင့် ရေအခက်အခဲများ ကြုံတွေ့ရကြောင်း၊ ဝရကုန်းကျေးရွာသည် မြေအောက်ရေငံနေခြင်းကြောင့် သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောသည်။

ချောက်မြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသသန့်ရှင်းသောသောက်သုံးရေရှိရေးလုပ်ငန်းများကို တည်ပင်ကန်ကျေးရွာနှင့် ထိန်စမ်းကျေးရွာများတွင် အဝီစိစက်ရေတွင်း တူးဖော်ခြင်းစပ်ဆက်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဝရကုန်းကျေးရွာတွင် သောက်သုံးရေရရှိရေး မြေသားရေကန်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်

wfsdf

 

g2gw1