မကွေး ၂ အောက်တိုဘာ
စတုတ္ထအကြိမ်မြောက် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း Book Club (Magway ) တို့ ပူးပေါင်ကျင်းပသည့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက မကွေးမြို့ အထက( ၁ )ကျောင်း ပန်းဟေဝန်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး မကွေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းဦးက စားသုံးသူရေးရာ များနှင့်ပတ်သက်၍ ဟောပြောသည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း ဒု ဥက္ကဌ ဆရာဦးနေခြည် (နေခြည်-မကွေး)နှင့်အတွင်းရေးမှူ း ဆရာဦးကိုကိုနိုင် (ဆရာမြှား)တို့က စာပေဗိမာန်ဆုရ စာရေးဆရာ တွင်းကြီး ဝမ်းမောင်ရေးသားသည့် ငတောငလုံး ဝတ္ထု စာအုပ်မှ သုတ ရသ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး အသင်း နာယက ဆရာဦးတင်စိုး (မောင်တင်စိုး- သစ်ရာကောက် )၊ ဆရာဦးခင်မောင်ကြင် ( မောင်ကြင် - သစ်ရာကောက် ) ၊ ဥက္ကဌ ဆရာကြီး ဦးလှအောင်တို့က ပြည်သူ့ ့နီတိဆိုင်ရာများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ကျောင်းသားကျောင်းသူများက သိရှိလိုသည့် အချက်များအားမေးမြန်းခဲ့ကြရာ စာပေချစ်သူများအဖွဲ့က ခေါင်းစဉ်အလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည် ။
ဇေယျတု(မကွေး)



