ဂန့်ဂေါ ၂ အောက်တိုဘာ
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အောက်တိုဘာ ၂ ရက် နံနက်က တိုင်းရင်းသားစာပေ(ချင်းစာပေ- ဇိုတုန်)ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ ဒုတိယဦးစီးမှူး ဒေါ်အေးအေး က စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။
စာဖတ်ဝိုင်းသို့ မြို့ပေါ်စာသင်ကျောင်း များမှ ကျောင်းသား ကျောင်းသူ ၃၄ ဦးတို့ တက်ရောက်ကြ၍ ဆရာ ဦးကုန်လျားမန် (U Kung Lia Man) က ဦးဆောင်၍ ဇိုတုန် စာပေနှင့်ယဉ်ကျေးမှုကော်မတီ မှ ရေးသားပြုစုသည့် စာစဉ်များအနက် ဗဟုသုတဖြစ်ဖွယ် စာပိုဒ်များမှ မျက်မမြင်ပုဏ္ဏား ၆ ယောက်အကြောင်း အဓိပ္ပါယ်ရှိသည့် စာပိုဒ်ကို ဖတ်ကြားသည်။
ထို့နောက် အစုအဖွဲ့လိုက် ဆွေးနွေးကြရာ ပြန်ဆက်၏ BOOK CLUB ဥက္ကဌ ဦးအောင်စိုးမင်း က ဖြည့် စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


