ဘားအံ   ၂   စက်တင်ဘာ

 

ကရင်ပြည်နယ်၊ဘားအံမြို့တွင် ကရင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားသောဒေသများတွင် နေထိုင်သော ရပ်ရွာနေပြည်သူများအား လိုအပ်သော ကူညီပံ့ပိုးနိုင်ရေးအတွက် ငြိမ်းချမ်းသာယာ၍ စည်ပင် ဝပြောသော ရပ်ရွာအသိုင်းအဝိုင်းများ ဖော်ဆောင်ရေးစီမံကိန်း၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုမူဘောင်(မူကြမ်း) ဆွေးနွေးခြင်း အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့၊ နံနက် ၁ဝနာရီက ခွယ်ကဘောင် ဟိုတယ်တွင် ကျင်းပပြုလုပ်သည်။

 

ရှင်းလင်းခြင်း အခမ်းအနားတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ရာသီဥတုဖောက်ပြန် ပြောင်းလဲလာသည်နှင့်အမျှ ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် ရေကြီးရေရေလျှံမှုများ၊မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်ရှိခဲ့ပါကြောင်း၊ အဆိုပါ ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကြိုးများကို ကာကွယ်ရန် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်များကို လိုက်နာကျင့်သုံး စေခြင်းဖြင့် ပိုမိုကောင်မွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မျာဖြစ်ပါကြောင်း၊ထို့ကြောင့် ယခု ပြုလုပ်သည့် ငြိမ်းချမ်းသာယာ၍ စည်ပင်ဝပြောသော ရပ်ရွာအသိုင်းအဝိုင်းများ ဖော်ဆောင်ရေး စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင် (မူကြမ်း)နှင့် ပတ်သက်၍ အများပြည်သူများ သိရှိနားလည်စေနိုင်ရန် ချပြရှင်းလင်းနိုင်ရေး ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှုးဦးလှခိုင်က သဘာဝပတ်ဝန်း ကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်(မူကြမ်း)နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသော ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကျေးလက်ဒေသဖွံ့ ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးဆောင် ရွက်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများက မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)