သာယာဝတီ       ၂   အောက်တိုဘာ 

 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်း ၂၀၁၈ခုနှစ်တွင် မိုးရာသီ၌ သဘာဝဘေး ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် မြို့နယ်များရှိ တောင်သူများအား ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

 

ရှေးဉီးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ချိုဉီး ခရိုင်စိုက်ပျိုးရေး ဉီးစီးမှူး ဒေါ်တင်မြလွင်တို့က သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

 

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ချိုဉီးက သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် ခရိုင်အတွင်းရှိ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း မြို့နယ်များမှ မြို့နယ်သဘာဝ ဘေးထောက်ပံ့ရေး အဖွဲ့သို့ ထောက်ပံ့ငွေများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

သန့်ဇော် (ပြန်/ဆက်)