မြိတ်  ၂ အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အထက်ရေပုန်းရပ်ကွက်ရှိ ဇင်ယော်မင်း ရေခဲစက်အား ယနေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ ရေသန့်စက်ရုံတွင် ရေသန့်ထုတ်လုပ်မှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေခဲစက်တွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ရေခဲစက်မှ စက်သံဆူညံမှု မရှိစေရေးနှင့် အမိုးနီးယားအနံ့ဆိုးများ ထွက်ရှိမှုမရှိစေရေး စသည်တို့ကိုစစ်ဆေးခဲ့ကြသည်။

 

ထိုသို့စစ်ဆေးရာတွင် စက်ရုံပတ်ဝန်းကျင်ကို Noise Level Detector တိုင်းတာစက်ဖြင့် Noise Level  Value တိုင်းတာစစ်ဆေးခြင်း၊ Compressor အဝင်လိုင်း Safety Vale Flange တွင် ဓာတ်ငွေ့ယိုစိမ့်မှု ရှိ/မရှိတို့ကို ဒုတိယ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး စက်ရုံပတ်ဝန်းကျင်ရှိ ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)