မြင်းခြံ ၂ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ ကိုယ်လက်လှုပ်ရှားမှုဖြင့် ကျန်းမာရေး အထောက်အကူပြုစေရန် Outdoor Fitness အားကစားပစ္စည်းများ တပ်ဆင်ပြီးစီး၍ ကျန်းမာရေးအတွက် မည်သူမဆို လွတ်လပ်စွာ လာရောက်လေ့ကျင့်နိုင်ကြောင်း သိရသည်။
အဆိုပါ အားကစားပစ္စည်းများကို ယခင်ထဲက မြင်းခြံမြို့အတွင်း နေရာ(၄) နေရာ၌ အသီးသီးတပ်ဆင်ထားရှိပြီး ယခုအခါ လူစည်ကားရာ မြို့အလယ်တွင်ရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ထပ်မံတပ်ဆင်ပေးသောကြောင့် ရပ်ကွက်နေပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ တစ်ကိုယ်ရည် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရာတွင် အဆင်ပြေစွာ ကစားရကြောင်း သိရှိရသည်။
လမ်းလျှောက်ခြင်း၊ ခါးလှည့်ခြင်း၊ လက်လှည့်ခြင်း၊ ခြေလွှဲခြင်း စသည့် ကြွက်သား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သော ကျန်းမာရေးအထောက်အကူပြု အားကစားပစ္စည်းများကို တပ်ဆင်အသုံးပြုနိုင်ရန်အတွက် Best Oil Co,Ltd (BOC) မှ လှူဒါန်းပေးခဲ့ကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများ ပျော်ရွှင်စွာကစားလျက်ရှိကြောင်း သိရှိရသည်။
ကိုကျော်စွာ(မြင်းခြံ)


