ရန်ကုန် ၂ အောက်တိုဘာ

 

မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် လမ်းလျှောက်ပွဲကို မဟတ္တမဂန္ဒီ၏ မွေးနေ့ဖြစ်သည့်  ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင်  ဗိုလ်အောင်ကျော်လမ်းရှိ မဟတ္တမဂန္ဒီ အဆောက်အအုံရှေ့၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က အမှာစကားများ ပြောကြားကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အသိအမှတ်ပြု ဂေါပကအဖွဲ့၏ မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂေါပက အဆောက်အအုံ ဆိုင်းဘုတ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အိန္ဒိယသမ္မတနိုင်ငံ  သံအမတ်ကြီးနှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန်၊ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် လမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ရန်ကုန်မြို့တော်ဝန်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး၊ ရန်ကုန်မြို့တော်ဝန်နှင့်အတူ လမ်းလျှောက်ပွဲကို တက်ရောက်လာကြသူများသည် ဗိုလ်အောင်ကျော်လမ်းမှစတင်၍ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်းမကြီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ဗိုလ်အောင်ကျော်လမ်း စုရပ်သို့ စုပေါင်းလမ်းလျှောက်ကြသည်။

 

သတင်း - ရီရီမြင့်

ဓာတ်ပုံ - ဇော်မင်းလတ်