နေပြည်တော် ၂ အောက်တိုဘာ

 

ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားနေ့နှင့် တပ်မတော်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းသည်။

 

ရှေးဦးစွာ မြန်မာ- ကိုရီးယား နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖွင့်လှစ်၍ အလေးပြုကြသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ကိုရီးယားသမ္မတ နိုင်ငံအမျိုးသားနေ့နှင့် တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

 

 

mdn

 

ညစာသုံးဆောင်နေစဉ်အတွင်း အနုပညာဦးစီးဌာနက မြန်မာ-ကိုရီးယား ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေသည်။

 

mdn

 

အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်းနှင့် နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦး၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဦးအောင်လှထွန်း၊ ဒေါက်တာရဲမြင့်ဆွေ၊ ဦးဝင်းမော်ထွန်းနှင့် ဒေါက်တာထွန်းနိုင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာနှင့် ၎င်းတို့၏ ဇနီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးမှူးချုပ်များ၊ သံတမန်များ၊ စစ်သံမှူးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်