နေပြည်တော် ၂ အောက်တိုဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန်ကြီး Ms. Nina Irmeli Vaskunlahti နှင့်အဖွဲ့ အား ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရေဖြန့်ဝေမှု၊ ရေသန့်စင်မှုနှင့် စွန့်ပစ်ရေသန့်စင်သည့် လုပ်ငန်းများတွင် နည်းပညာပံ့ပိုးပေးနိုင်မှု၊ စွန့်ပစ်အမှိုက်မှ စွမ်းအင်ပြန်လည်ထုတ်လုပ်ရေးအတွက် လုပ်ငန်းအမျိုးအစားအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ၊ အမှိုက်စီမံခန့်ခွဲ့မှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်အရ အကောင်အထည်ဖော်မည့် လုပ်ငန်းများ၊ စက်မှုဆိုင်ရာ စွန့်ပစ်ပစ္စည်းများ အပါအဝင် စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ကြီးကြပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ၊ နေရောင်ခြည် စွမ်းအင်ရရှိရန် ဆိုလာပြား ထုတ်လုပ်သည့် နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ စက္ကူပျော့ဖတ် ထုတ်လုပ်မှုအတွက် ကုန်ကြမ်းအဖြစ် ယူကလစ် စသည့် ကြီးမြန်သစ်မျိုးနှင့် သဘာဝဝါးတောများမှ ထုတ်လုပ်နိုင်မှု၊ စိုက်ပျိုးရေးနှင့် သစ်တောသစ်ပင်မှ biomass ထုတ်လုပ်နိုင်သည့် အခြေအနေနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်နိုင်မှု၊ သစ်တောပြန်လည်တည်ထောင်ရေး (၁၀) နှစ်စီမံကိန်း အကောင်အထည်ဖော်သည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်