ပန်ဆောင် ၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့၌ ၂၀၁၉-၂၀၂၀ ခုနှစ် ပထမအကြိမ် အသက်(၂)နှစ်အောက် ကလေးများကို ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါ(ငါး)မျိုးစပ် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ပန်ဆောင်မြို့ ဒေသန္တရကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆောင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်ဆောင်မြို့ အထက်ရပ်ကွက်မှ(၁၃၁)ဦး၊ အလယ်ရပ်ကွက်မှ ကလေးငယ် ၂၀ စုစုပေါင်း ကလေးငယ် ၁၅၁ ဦးကို လက်ထောက်ကျန်းမာရေးမှူး ဒေါ်စန်းစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


