ဂန့်ဂေါ ၃  အောက်တိုဘာ

           

ဂန့်ဂေါခရိုင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၁၉)ကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်တို့က အမှာစကား ပြောကြားကြသည်။

           

ဆက်လက်၍ (၈/၂၀၁၉)အစည်းအဝေး တင်ပြချက်များကို အမှုတွဲတစ်ခုချင်းအလိုက် ခရိုင်မြေပြန်စစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဉီးစီးဌာနမှူး ဦးမျိုးခိုင်က ဆွေးနွေးတင်ပြပြီး တင်ပြချက်များအပေါ် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတို့က အသီးသီးတင်ပြ ဆွေးနွေးကြကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်

 

1