သာယာဝတီ ၃ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်မြို့ သရက်လေးပင်ရွာ၌ (၉၅)ကြိမ်မြောက် ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ရုပ်ပွားတော်ကြီးအား ရေဖောင်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက် မွန်းလွဲပိုင်းတွင် ဖောင်များဖြင့် သရက်လေးပင်ရွာမှစတင်ကာ ရန်ကုန်-ပြည် ဆက်သွယ်ထား သော သုံးဆယ်တံတားထိပ်အထိ စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ရှင်ဥပ္ပဂုတ္တမထေရ်မြတ် ရုပ်ပွားတော်ကြီး ပွဲတော်ရက်မတိုင်မီ (သီတင်းကျွတ်လဆန်း ၁၄ ရက်) အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍ ပျော်ပွဲရွှင်ပွဲများဖြင့်လည်းကောင်း ပွဲတော်ပြီးစီးချိန်တွင်လည်း အောက်တိုဘာလ ၁၆ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း ရှင်ဥပ္ပဂုတ္တမထေရ် ရုပ်ပွားတော်မြတ်ကြီးစံမြန်းရာ ကျောင်းတော်ရှေ့တွင်လည်း အပူဇော်ခံမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်စိန်ထံမှ သိရသည်။
သန့်ဇော် (ပြန်/ဆက်)


