ကျိုက်မရော ၃ အောက်တိုဘာ
မွန့်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲနှင့် ရေကြီးနစ်မြုပ် စာသင် ကျောင်းများအား စာသင်ခုံများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ် သည်။
အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က မျိုးစပါးနှင့် စာသင်ခုံများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ရေနစ်မြုပ်ဧက (၁၁၄၂၁) အတွက် တစ်ဧကလျှင် ၁ တင်းနှုန်းဖြင့် မျိုးစပါးတင်း ၁၁၅၀ဝ ကိုတောင်သူများထံပေးအပ်ပြီးရေနစ် မြုပ်စာသင်ကျောင်း (၄၈) ကျောင်း အတွက် စာသင်ခုံ (၂၆၀) အား သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော )


