ဝန်းသို ၃ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကသာခရိုင်နှင့်ကောလင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ခရိုင်းဦးစီးမှုးနှင့် တာဝန်ရှိသူများသည် ခရိုင်အဆင့်မြစိမ်းရောင်စီမံကိန်း ကျေးရွာဆု ရွေးချယ်နိုင်ရေးအတွက် အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဆေးခင်းခုံကျေးရွာသို့ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီများဖြစ်ကြသော ကသာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဦးအောင်မြင့်သန်း၊ ကောလင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းနွယ်၊ ဝန်းသိုမြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ချေးငွေထုတ်ချေးမှုအခြေအနေ၊ စီမံကိန်းအတိုးရငွေ၊ ပြန်လည်ထုတ်ချေးနိုင်မှုအခြေအနေ၊ ကော်မတီ၏ လုပ်ငန်းစွမ်းဆောင်ရည်၊ စာရင်းဇယား မှန်ကန်စွာ ရေးသွင်းထားရှိမှု အခြေအနေ၊ ချေးငွေဖြင့် လုပ်ငန်းများအမှန် တကယ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျေးရွာအတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားမှု အခြေအနေနှင့် စီမံခန့်ခွဲမှုအသုံးစရိတ်သုံးစွဲထားပုံများကို အမှတ်ပေးစဉ်းမျဉ်း အတိုင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဝန်းသိုမြို့နယ် ဆေးခင်းခုံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆ခုဘဏ္ဍရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ပထမဆုကို သုံးကြိမ်တိတိရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော ကျေးရွာတစ်ရွာဖြစ် သည်။ ယခု စစ်ဆေးချိန်တွင် စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် သိန်း ၅၂၀ ဖြင့် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


