ကြာအင်းဆိပ်ကြီး ၃ အောက်တိုဘာ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်ပိုင်းအချိန်က UNICEF မြန်မာက ကလေးစာပေ (တိုင်းရင်းသားပုံပြင်) စာအုပ်များအား အခမဲ့လှူဒါန်းခဲ့ကြောင်း သိရသည်။
UNICEFမြန်မာက ကလေးစာပေ(တိုင်းရင်းသားပုံပြင်)စာအုပ်များ အခမဲ့လှူဒါန်းရခြင်းရည်ရွယ်ချက်မှ အသက်ငါးနှစ်အောက်ကလေးငယ်များ စာအုပ်စာပေ ချစ်မြတ်နိုးလာစေရန် တိုင်းရင်းသားကလေးငယ်များ အနေဖြင့် မိခင်ဘာသာစကားတတ်မြောက်မှု မြှင့်တင်ရန်နှင့် ရုံးသုံးဘာသာစကားဖြစ်သော မြန်မာစာပေ မြန်မာစကားများကို လေ့လာရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ UNICEF မြန်မာက ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် ကလေးစာပေ(တိုင်းရင်းသားပုံပြင်)စာအုပ် (၂၅၀)အုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်


