ဟိုပင် ၃ အောက်တိုဘာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တိုင်းရင်းဆေး အသိပညာပေး ဟောပြောခြင်းကို အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီက တကွင်းကျေးရွာအုပ်စု သဲဂုဏ် ကျေးရွာ အ.မ.က မူလွန်ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေ က မီးဘေး၊ ရေဘေး၊ ငလျှင်ဘေး၊ ရေးကြီးဘေး၊ မြေပြိုဘေး၊ လျှပ်စစ်ဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးဘေး စသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် စာပေအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ တိုင်းရင်းဆေးကုဌာနမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးစုစုချစ်က ဆေးဖက်ဝင် အပင် ၃ မျိုး အကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီး အသိပညာပေး ပြောကြားခဲ့သည်။
၎င်းအခမ်းအနားသို့ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၇၃ ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ် အသိ ပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်များ၊ ဓါတ်ပုံပြပွဲတို့ကို ကြည့်ရှု့အားပေးခဲ့ပြီး တိုင်းရင်းဆေးမှ ကျောင်းသား ကျောင်းသူများကို အခမဲ့ ကွင်းဆင်းကုသ ပေးခဲ့ကြောင်း သိရသည်။
တိုးတိုးမေ-ဟိုပင်


