ပုလဲ ၃   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး       ယင်းမာပင်ခရိုင်      ပုလဲမြို့နယ်တွင်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်    မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ ၂၉ ရွာအနက်  ကံကြီးကျေးရွာ၌ အောက်တိုဘာ ၂ ရက်  ၊ နေ့လယ်  ၁၂ နာရီက တတိယကြိမ်မြောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၇၀ ထုတ်ချေးပေးခြင်းနှင့် ကျေးရွာအဆင့် ဆန်းစစ်သုံးသပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

 

၈

 

ပုလဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန      ဦးစီးအရာရှိ   ဦးဇော်မင်းဦးက“   မိမိတို့  မြို့နယ်မှာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှ   စတင်၍  ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ကျေးရွာ ၂၉ရွာမှာ လုပ်ငန်းများကို အောင်မြင်စွာ   အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့ ကံကြီးကျေးရွာမှာ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေမှ  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၇  ဦးအတွက် ငွေကျပ် ၁၃၆၉၀ဝ၀ဝ    ၊   အရောင်းအဝယ်လုပ်ငန်း    လုပ်ကိုင်သူ  ၅၅  ဦးအတွက် ငွေကျပ် ၂၀၃၅၀ဝ၀ဝ၊မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၆ဦးအတွက် ငွေကျပ် ၂၂၂၀ဝ၀ဝ၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၁  ဦးအတွက် ငွေကျပ် ၃၇၀ဝ၀ဝနှင့်   အသက်မွေးဝမ်းကြောင်း လုပ်ငန်း လုပ်ကိုင်သူ    ၁ ဦးအတွက် ငွေကျပ် ၃၇၀ဝ၀ဝ  စုစုပေါင်း မြစိမ်းရောင်အသင်းသား၊ အသင်းသူ  ၁၀ဝဦးအတွက် ငွေကျပ် ၃၇၀ဝ၀ဝ၀ဝကို တတိယကြိမ်မြောက် အဖြစ်  ထုတ်ချေးပေးနေမှုနှင့်   ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း   ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းများအပေါ် ဆန်းစစ်သုံးသပ်ပွဲ    ဆောင်ရွက်မှုအား  စနစ်တကျ  ဖြစ်စေရေးအတွက် ကွင်းဆင်း၍   ကြီးကြပ်ခြင်း ဖြစ်ပါတယ်။လုပ်ငန်း  လိုအပ်ချက်များကို ကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့် ပေါင်းစပ်   ညှိနှိုင်းပေးခဲ့ပြီး    လုပ်ငန်းလမ်းညွှန်စာအုပ်များနှင့်   အသိပညာပေးစာစောင်များကို ပေးအပ်ခဲ့ပါတယ် ” ဟု ပြောကြားခဲ့သည်။

 

ပုလဲမြို့နယ်    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်       မြို့နယ်အတွင်းရှိ    အေးချမ်းသာ၊ ဇေတီယျုံ၊ ကြောင်သန်း၊ သပြေရေ၊ ဇီးဖြူကုန်း(တ)၊ နွယ်အင်း၊ ဖလံပင်၊ မိုးကောင်း၊ အင်းကန်၊ဝမ်းဘဲချိုင့်၊  ရွာနောင်၊ သရက်လှ၊ ကံရိုး၊ လုပ်သား၊ ပဲခင်းမ၊ ကြူခြံ၊ ကမ္ဘားရပ်၊ ပုပ္ပါ၊ ကံကြီး၊ ကုန်းရွာ၊ နွားကူး၊ ဦးနှောက်၊အိုင်ရောင်း၊ ကြိးကြာဉ၊ ဇီးဖြူကုန်း(မ)၊ ချောင်းနား၊နှောရိုး၊ မဲဇရပ်ကျေးရွာနှင့် လိန်ကုန်းကျေးရွာနေ ပြည်သူများ၏  အလုပ်အကိုင် အခွင့်အလမ်းနှင့်   မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ ကျေးလက်လူထု၏    စွမ်းဆောင်ရည်    တိုးတက်လာစေရန်နှင့် တုံ့ပြန်နိုင်စွမ်း အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်တို့ကို ရည်ရွယ်၍   မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို   ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀ဝနှုန်းဖြင့် ထူထောင်ပေးထားကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်