ကန့်ဘလူ   ၃    အောက်တိုဘာ  

              

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ  ၃ ရက်နေ့ နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇအစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

           

ရှေးဦးစွာ ခရိုင်ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က အမှာစကား ပြောကြားသည်။

           

ထို့နောက် ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသစ်ပြဌာန်းခြင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝါဝါဆွေက ဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရှင်းလင်း ပြောကြားကြသည်။

           

ယင်းနောက် ကလေးသူငယ်များ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လှစ်လှူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ ကာကွယ်ရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မျိုးဝင်းညို   (ကျွန်းလှ ပြန်/ဆက်)