ဖောင်းပြင် ၃ အောက်တိုဘာ
ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၆၂)နှစ်နှင့်အထက် သက်ကြီးဘိုဘွားများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေပေးခြင်းနှင့် ကုသပေးခြင်းကို (၂-၁၀-၂၀၁၉)ရက်နေ့က အဆိုပါဆေးရုံရှိ မိခင်နှင့်ကလေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေကုသရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ ဌာနမှူး ဒေါက်တာမွန်စိုးရည်၏ ဦးဆောင်မှုဖြင့် ဘိုးဘွားများအား သွေးချို၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါ၊ ပန်းနာရင်ကြပ်နှင့် နာတာရှည်အဆုပ်ပွရောဂါများကို စမ်းသပ်ရှာဖွေ၍ ကုသပေးခဲ့ပြီး သက်ကြီး ဘိုးဘွားများ လာရောက်ကုသရေး အဆင်ပြေစေရေးအတွက် ပရဟိတအသင်း(ဖောင်းပြင်)မှ ကူညီ ဆောင်ရွက်ပေးခဲ့ကာ သက်ကြီးဘိုးဘွား(၅၉)ဦး လာရောက်ကုသမှုခံယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သော သက်ကြီးဘိုးဘွား များနေ့ အထိမ်းအမှတ်အနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနက အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွား(၄၀)ဦးတို့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ကျန်းမာရေးမှူး(၁) ဦးသန်းဆွေဦးထံမှ သိရသည်။
ဖောင်းပြင်(ပြန်/ဆက်)


