မန္တလေး ၃  အောက်တိုဘာလ  

 

(၁၃၁)ကြိမ်မြောက် သံဃာအပါး ၃၁၀ဝ သပိတ်လောင်းလှူပွဲကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်(၆)နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားပရဝုဏ်အတွင်း  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

“နန်းတော်ရှေ့မှာရှိတဲ့ ဘုန်းကြီးကျောင်းတိုက်တွေက သံဃာတော်များကို ပင့်ဖိတ်ပြီး လှောင်းလှူပါတယ်။ လှူဒါန်းလိုသူများ လှူဒါန်းပြီး လိုတဲ့ဆွမ်းသပိတ်အရေအတွက်ကို ဂေါပကတွေက စိုက်ထုတ်ပြီး လှူဒါန်းပါတယ်။ ဂေါပကအနေနဲ့ လောင်းလှူတာတွေက ဝတ္ထုငွေတစ်သောင်းခွဲနဲ့ ဆွမ်းသပိတ်နဲ့ လှူဖွယ်ပစ္စည်းတစ်ခုခုပေါ့။ ရပ်ကွက်တွေကတော့ သပိတ်နဲ့အပေါ်မှာ သူတို့တက်နိုင်သလောက် လှူဒါန်းကြတယ်။ အဲဒါက စာရင်းတံမဲဖြစ်တဲ့အတွက် မဲကျရာ  အလှည့်ကျရာ လောင်းလှူကြတာပါ။” ဟု ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရား တွဲဖက်အတွင်းရေးမှူး ဦးမျိုးဝင်းနိုင်က ပြောသည်။

 

မဟာလောကမာရိဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆွမ်းသပိတ်လောင်းလှူပွဲသာမက မေတ္တာကန်တော်တွင် ကရဝိတ်ဖောင်တော်လှည့်လည်အပူဇော်ခံခြင်းကို သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ဂေါပကအဖွဲ့ ဥက္ကဌဖလား အဆင့်မြင့်ဘောလီဘောပြိုင်ပွဲကို အောက်တိုဘာလ ၁၀ရက်နေ့မှ ၁၄ရက်နေ့တွင် လည်းကောင်း၊ ပျော်ပွဲရွှင်ပွဲများအဖြစ် ဟန်ဇာမိုးဝင်းဇာတ်ပွဲနှင့်  မာယာသစ်ပဒေသာကပွဲများ ကျင်းပမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောသည်။

 

(၁၃၁)ကြိမ်မြောက် သံဃာအပါး (၃၁၀ဝ)ဆွမ်းသပိတ်လောင်းလှူပွဲတွင် ပါဝင်လှူဒါန်းလိုပါက သပိတ်တစ်လုံးလျှင် ၂ သောင်းကျပ်ဖြင့် ကုသိုလ်တော်ဘုရားဂေါပကရုံး လာရောက်စာရင်းပေး၍ဖြစ်စေ၊ ဖုန်းနံပါတ် ဝ၂-၄၀၃၄၂၅၄နှင့် ဝ၂-၄၀၂၃၃၉၇ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

တင်ဇာလှိုင်(ပြန်/ဆက်)