နေပြည်တော် ၃ အောက်တိုဘာ
ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်သည် Hanns Seidel Foundation မှ ဌာနေကိုယ်စားလှယ် Mr. Achim Munz အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Hanns Seidel အနေဖြင့် မြန်မာလွှတ်တော်နှင့် အနာဂတ်ကာလတွင် ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စ၊ ဖက်ဒရယ်ဝါဒဖော်ဆောင်နိုင်ရေး၊ ပြည်သူများ၏ တိုင်ကြားစာများဆိုင်ရာကိစ္စနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ အခန်းကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
သတင်းစဉ်


