နေပြည်တော် ၃ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ ညနေ ၄ နာရီက ဖင်လန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Nina Irmeli Vaskunlahti နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်းအရ မဟာဓါတ်အားလိုင်းပြင်ပ မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ တစ်အိမ်သုံးနှင့် အများပိုင် အဆောက်အဦသုံး ဆိုလာမီးလင်းရေး လုပ်ငန်းဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော ဆိုလာမီးလင်းရေး လုပ်ငန်းတွင် ဖင်လန်နိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် ဆိုလာစွမ်းအင်အသုံးပြု ကျေးလက် လူမှုစီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


