ပခုက္ကူ ၃ အောက်တိုဘာ
၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲကို အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီက ပခုက္ကူတက္ကသိုလ်၊ ပင်မဆောင်၊ ဘက်စုံခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အသက် ၇၀ နှစ်နှင့်အထက် ကန်တော့ခံ ဆရာကြီး/ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က ပူဇော်ကန်တော့ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှတ်တရဂါရဝစကား ပြောကြားသည်။
ထို့နောက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများအား ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများက ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများက ဆုံးမဩဝါဒစကားနှင့် ဆုပေးစကား ပြောကြားကြကြောင်း သိရသည်။
ကိုဇော်(ဓာတု)


