မုဒုံ ၃ အောက်တိုဘာ
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်း နည်းပညာဆွေးနွေးပွဲနှင့် တောင်သူကွင်း သရုပ်ပြပွဲကို အောက်တိုဘာ (၃) ရက်၊ နံနက် (၈) နာရီက မုဒုံမြို့နယ်၊ ဗဟိုမျိုးစေ့ခြံ၊ မျိုးစေ့ထုတ်စိုက်ကွင်းတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်ဇော်နိုင်၊ အောက်မြန်မာပြည်မျိုးစေ့တာဝန်ခံ ဒုတိယညွှန်မှူး ဒေါ်မီမီချို၊ ဗဟိုခြံမှခြံဦးစီး ဆရာဦးဇော်လင်းတို့က မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ နည်းပညာအကြောင်းအရာများကို အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြကာ တက်ရောက်လာကြသော တောင်သူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးကြသည်။ ထို့နောက် ဆင်းသုခမျိုးစေ့ထုတ် စိုက်ခင်း၊ မျိုးစေ့သန့်စင်စက်များအား လေ့လာကြည့်ရှုခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ဇော်နိုင်နှင့် ပြည်နယ်မြေမျိုးပိုးတာဝန်ခံများ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


