နေပြည်တော် ၃ အောက်တိုဘာ
ပြန်ကြားရေးဝန်ကြီး ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းသည် DVB Media Group မှ အမှုဆောင်အရာရှိချုပ် ဉီးအေးချမ်းနိုင် ဉီးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သတင်းထုတ်လွှင့်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


