မြင်းမူ ၄ အောက်တိုဘာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့မှ ကြီးမှုးကျင်းပသော တိုင်းနှင့်ပြည်နယ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင်၊ တံခွန်စိုက်ဒိုင်းဆုနှင့်အတူ အောင်ပွဲရအားကစားသမားများ ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အား/ကာဦးစီးမှူး ဦးသန်းအောင်ဦးဆောင်သော တံခွန်စိုက်ဒိုင်းဆုရ အားကစားများကို၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင် ၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးတင်အောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အချိုရည်ဘူးများနှင့် သောက်ရေသန့်များကို ပေးအပ်ခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက သပြေပန်းများဖြင့် ဆက်လက်ကြိုဆိုခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တံခွန်စိုက်ဒိုင်းဆုနှင့်အတူ အောင်ပွဲရအားကစားသမား (၆၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အားကစားနည်းများမှ လှံတံပစ်၊ သံလုံးပစ်၊ သံပြားပစ်၊ အလျှားခုန်နှင့် အမြင့်ခုန်အပါအဝင် အခြားအာကစားနည်းများမှ ရွှေတံဆိပ်ပေါင်းများစွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN


