ပလောက်  ၄  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပလောက်မြို့ပေါ်ရှိ ခွေးများအား ခွေးရူးရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ  ၄  ရက်နေ့ နံနက်ပိုင်းက အခမဲ့ ထိုးနှံပေးခဲ့သည်။

 

22

 

အဆိုပါဆောင်ရွက်ရာတွင် ပလောက်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ကြီးကြပ်ရေးမှူး ဦးရဲအောင်က ဒေသခံပြည်သူများ မွေးမြူထားသော ခွေးများနှင့် ခွေးလေခွေးလွင့်များကို ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

 

နိုင်ဦး(ပလောက် ပြန်/ဆက်)