နောင်ချို ၄ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အလက(ခွဲ)ကျောင်းနှင့် မူကြိုကျောင်းများသို့ ကလေးငယ်များ ဉာဏ်ရည်ထက်မြက်စေရန်၊ ကိုယ်ခန္တာဖွံ့ဖြိုးစေရန် ရည်ရွယ်၍ အမြဲစိမ်းလန်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးဥက္ကဌ ပါမောက္ခဒေါက်တာစိန်စိန်သိန်းနှင့် မိသားစုတို့သည် ယနေ့ နံနက် ၉ နာရီအချိန်က နို့ကြက်ဥ တိုက်ကျွေးခဲ့သည်။
နို့ကြက်ဥတိုက်ကျွေးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ရည်ထက်မြက်စေခြင်း၊ ကိုယ်ခန္တာဖွံ့ဖြိုးစေခြင်း၊ အရိုးဓာတ်၊အသားဓာတ်များ ဖွံ့ဖြိုးလာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိကာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၂၂ ဦးအား တိုက်ကျွေးခဲ့ကြောင်း သိရသည်။
MDN


