ပိုင်​ကျုံ  ၄  ​အောက်​တိုဘာ 

 

ကရင်​ပြည်​နယ်​ ဘားအံခရိုင်​ ပိုင်​ကျုံမြို့ ကစို​ကျေးရွာ ဘုန်းတော်​ကြီး​ကျောင်းဓမ္မာရုံတွင်​ လူဝင်​မှုကြီးကြပ်​​ရေးနှင့် ပြည်​သူ့အင်​အားဆိုင်​ရာနှင့် NRC အဖွဲ့တို့ ပူး​ပေါင်း၍ နိုင်​ငံသားစိစစ်​​ရေးကတ်​ပြားများ(အခမဲ့)​ကွင်းဆင်း​​ဆောင်​ရွက်​​ပေးအပ်​ခြင်းအခမ်းအနား ကျင်းပ​ကြောင်း သိရသည်​။

 

 

ရှေးဦးစွာ ကရင်​ပြည်​နယ်​လွှတ်​​တော်​ဥက္ကဌ ဦး​စောချစ်​ခင်​က အဖွင့်အမှာစကား ​ပြောကြားပြီး ကရင်​ပြည်​နယ်​ အစိုးရအဖွဲ့ လူဝင်​မှုကြီးကြပ်​​ရေးနှင့် လူ့စွမ်းအားအရင်​အမြစ်​ ဦးမင်းကိုခိုင်​က အမှာစကား​ပြောကြားသည်​။ ဆက်​လက်​၍ လူဝင်​မှုကြီးကြပ်​​ရေးနှင့်ပြည်​သူ့အင်​အားဆိုင်​ရာ ဘားအံခရိုင်​ဦးစီးမှူး ဒုတိယညွန်​ကြား​ရေးမှူး ဦး​စောချစ်​သန်းက နိုင်​ငံသားလုပ်​ငန်းဆိုင်​ရာ ကိစ္စရပ်​များ ရှင်းလင်း​ပြောကြားသည်​။

 

 

၎င်း​နောက်​ တာဝန်​ရှိသူများက နိုင်​ငံသားစိစစ်​​ရေး ကတ်​ပြားများနှင့် လူဦး​ရေအိမ်​​ထောင်​စုစာရင်​းများ​ပေးအပ်​ပြီး ​ကျေးရွာ ပြည်​သူများကိုယ်​စား ပြည်​သူတစ်​ဦးက​ ကျေးဇူးတင်​စကားပြန်​လည်​​ပြောကြား​ကြောင်းသိရသည်​။ ပိုင်ကမြို့ ကစို​ကျေးရွာဘုန်းတော်​ကြီး​ကျောင်းဓမ္မာရုံတွင်​ ကစို​ကျေးရွာအုပ်​စုနှင့်အထက်​​ ရေပူ​ကျေးရွာအုပ်​စု စုစု​ပေါင်းလူဦး​ရေ (၂၃၅)ဦး၊ အိမ်​​ထောင်​စု(၄၀)​စု​နိုင်​ငံသား စိစစ်​​ရေးကတ်​ပြားများ(အခမဲ့)​ပေးအပ်​ခဲ့​ကြောင်း သိရသည်​။

 

ပိုင်​ကျုံ(ပြန်​/ဆက်​)