မန္တလေး ၄ အောက်တိုဘာ
(၁၉)ကြိမ်မြောက် မြန်မာနိုင်ငံ ဆေးပညာ ဆရာဝန်များအသင်း ညီလာခံ ကို မန္တလေးမြို့၊သိပ္ပံလမ်းပေါ်ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဥက္ကဌ ပါမောက္ခဒေါက်တာ Rai Mara တို့က အမှာစကား ပြောကြားသည်။ထို့နောက် မြန်မာနိုင်ငံဆေးပညာဆရာဝန်များအသင်းဥက္ကဌ ပါမောက္ခဒေါက်တာ ရန်လင်းမြတ်က ညီလာခံကျင်းပရခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ဆေးတက္ကသိုလ်(မန္တလေး) မှ ကျောင်းသား/ကျောင်းသူများက ထာဝရမြန်မာသီချင်း ဖြင့် ကပြဖျော်ဖြေပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးသည်။
အဆိုပါ ညီလာခံကို အောက်တိုဘာ ၄ ရက် မှ ၆ ရက်ထိ (၃)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ဆေးနှင့်ဆေးပညာဆိုင်ရာပြခန်းများ၊ ဟောပြောပွဲများ၊ဆွေးနွေးပွဲများလည်း ပါဝင်ကြောင်း သိရသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့၊မန္တလေးမြို့တော်ဝန် နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ တာဝန်ရှိသူများ၊ ပါမောက္ခဆရာဝန်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


