ကန့်ဘလူ ၅ အောက်တိုဘာ


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးကကြီးမှူး၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကန့်ဘလူမြို့နယ်ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ပညာရေးမှူး ဆရာကြီး ဆရာမကြီးများနှင့်အခြေခံပညာ ထက်၊လယ်၊မူလတန်းအဆင့် သက်ပြည့်အငြိမ်းစား ဆရာကြီး ဆရာမကြီးများ ပူဇော်ပွဲကို အောက်တိုဘာ ၅ ရက်နံနက် ၉ နာရီခွဲက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 

ေ

 


ကန့်ဘလူမြို့နယ် ပညာရေးမှူး ဒေါ်ညိုက ဆရာကြီး ဆရာမကြီးများကို နှုတ်ခွန်းဆက်ဝမ်းမြောက်စကားများကိုလည်းကောင်း၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် ပူဇော်ပွဲ ကျင်းပရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။ထို့နောက် ဆရာ ဆရာမများက အပူဇော်ခံ ဆရာကြီး ဆရာမကြီးများအား ပူဇော်ဝတ္ထုငွေများဖြင့်ကန်တော့ခဲ့သည်။

 

ေ

 


ယင်းနောက် ဆရာကြီး ဦးစောအောင်နှင့်ဆရာမကြီးဒေါ်ရီရီမြင့်တို့က တပည့်ဆရာ ဆရာမများအား ဆုပေးဩဝါဒစကားများမြွက်ကြားခဲ့သည်။


၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် မြို့နယ်ပညာရေးမိသားစုက အပူဇော်ခံသက်ပြည့်အငြိမ်းစား ဆရာကြီး ဆရာမကြီး ၁၀၉ ဦးတို့အားကန်တော့ခဲ့ကြကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ပြန်/ဆက်)